IMAT course ကို ယခုလက်ရှိအီတလီမှာ ဆေးကျောင်းတက်ရောက်နေကြတဲ့ medical students ၃ယောက်က
သင်ကြားပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ၃ယောက်လုံးက Experienced Tutors တွေဖြစ်တဲ့အတွက်ကြောင့်
စနစ်တကျ course program တစ်ခုရှိနေတဲ့အပြင် အထိရောက်ဆုံးနည်းလမ်းတွေနဲ့သင်ပေးမှာဖြစ်ပါတယ်။
လက်ရှိဆေးကျောင်းတက်ရောက်နေတဲ့သူတွေဖြစ်တာကြောင့် IMAT exam နီးလာရင် IMAT experience တွေ Registration Guide
တွေ ဆေးကျောင်း experience တွေအကုန်လုံးကိုလည်း ရှင်းပြပေးမှာဖြစ်ပါတယ်။
၃ယောက်လုံး University of Pavia မှာ foundation တက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ foundation နဲ့ပတ်သက်တဲ့
experience တွေ စာလုပ်တဲ့ Tips တွေပါ sharing လုပ်ပေးမှာဖြစ်ပါတယ်။
Subjects
Biology, Chemistry, Physics, Maths
Timetable
အချိန်ကတော့ တစ်ပတ်ကို ၃ ချိန်ရှိပါတယ်။
တစ်ချိန်ကို တစ်နာရီခွဲကြာပါတယ်။
Sat : 9:00 - 11:30 , Sun : 9:00 - 11 :30, Sun : 13:00 - 14:30
Course Duration ကိုတော့ ၆ လ သတ်မှတ်ထားပါတယ်။
Upcoming Class
Class ကတော့ လာမယ့် ---- မှာစမှာဖြစ်ပါတယ်။
Fees
Fees ကတော့ တစ်လ 60 Euros ဖြစ်ပါတယ်။
Registration
Registration ကိုတော့ ဒီမှာ လုပ်လို့ ရပါတယ်။ Registration form submit လုပ်ပြီးရင် ကျွန်တော်တို့ဖက်က အမြန်ဆုံး confirm ပေးပါတယ်။ Registration confirmed ဖြစ်ပြီးရင်တော့ study materials တွေရှိတဲ့ personal area ကို access လုပ်လို့ရပါပြီဗျ။
Our Tutors
Biology ကိုတော့ ယခုလက်ရှိ University of Milan La Statale မှာ medicine and surgery program ကို second year တက်ရောက်နေတဲ့ ကိုသီဟကျော်စွာ ကတာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်။ သူကတော့ Biology ကို ပုံပြောပြသလိုအလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံးရှင်းပြနိုင်တဲ့အတွက်ကြောင့် ကိုယ်တိုင် စာအုပ်ကြီးတွေကို အချိန်ကုန်ခံပြီးဖတ်နေစရာမလိုတော့ပါဘူး။
Chemistry ကိုတော့ ယခုလက်ရှိ University of Turin မှာ medicine and surgery program ကို first year တက်ရောက်နေတဲ့ မအိသန္တာခိုင် ကတာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်။ သူ Chemistry ကို တစ်ခါသင်ပြီးတာနဲ့ test တန်းဖြေလို့ရနိုင်တဲ့ထိကို နားလည်အောင်ရှင်းပြပေးနိုင်ပါတယ်။
Physics နဲ့ Maths ကိုတော့ ယခုလက်ရှိ University of Turin မှာ medicine and program ကို second year တက်ရောက်နေတဲ့ မအိသဥ္ဇာမျိုး (Tracy) ကတာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်။ သူကတော့ calculations တွေ problems solving တွေကို အချိန်တိုအတွင်း solution ရှာနိုင်လောက်တဲ့ထိ vision ကောင်းတဲ့အပြင် ကျွမ်းကျွမ်းကျင်ကျင်လည်းပြန်ရှင်းပြနိုင်တဲ့ အတွက်ကြောင့် calculations တွေကို သူနဲ့တွေ့ပြီးရင် ကြောက်စရာမလိုတော့ပါဘူး။